Saturday 25 August 2012

ဒေါ်အောင်ဆန်းစုကြည်ကော့မှူးမြို့နယ်ခရီး


 ဘာသာတရားမေတ္တာကြီးမားလိုက်တဲ့  အမေစု

ဓါတ်ပုံများ Ap + NLD + ကိုထွန်းဝေ ဘလာ့

ပြည်သူနဲ့ တသားတည်း ဘဲ
မနွမ်းသောပန်း ပမာ မခမ်းသောစိမ့်စမ်းရေ အလားတသွင်သွင်စီးဆင်နေတဲ့ အမေရဲ့ အပြောအဟောများက ပြည်သူများအတွက် အမြဲဘဲ ရင်မှာလန်း၍
အသစ်အဆန်းများဆန်းသစ်အမြဲ တွေ့ နေရပါတယ် ..
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ မနက်ကကော့မှူးမြို့နယ် မဆယ်ဆိပ်ကျေးရွာကို သွားရောက်ပြီး ဒေသခံပြည်သူတွေကို တွေ့ဆုံမေးမြန်းခဲ့ပါတယ်။

မြန်မာပြည်သူတွေ ကြုံတွေ့နေရတဲ့ အခက်အခဲတွေဟာ တစ်နေရာနဲ့ တစ်နေရာ တူညီနေကြကြောင်း၊ အလုပ်လက်မဲ့ ပြဿနာ၊ ပညာရေး၊ ကျန်းမာရေးတို့နဲ့ ပတ်သက်ပြီး လုံလုံလောက်လောက် မရှိတဲ့
ပြဿနာများ ဖြစ်ကြောင်း၊ ဒီအခက်အခဲတွေကို ဒေသ မခွဲခြားဘဲ ကူညီပေးမှာ ဖြစ်ကြောင်း၊ တဦးချင်းကို အကူအညီပေးနိုင်မှာ မဟုတ်ပေမဲ့ တတ်နိုင်သမျှ ကူညီသွားမှာ ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်
က ပြောပါတယ်။

ဒီတွေ့ဆုံမှုအပြီးမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ မဆည်ဆိပ်ကျေးရွာက
ရွှေတံခါး ဘုန်းတော်ကြီးသင် ပညာရေး သင်တန်းကျောင်းကို သွားရောက် လေ့လာခဲ့ပြီး ကွန်ပျူတာတစ်လုံးကို လှူဒါန်းခဲ့ပါတယ်။

အဲဒီနောက် ကော့မှုးမြို့နယ် NLD ရုံးမှာ ဖွင့်လှစ်ထားတဲ့ လူငယ်ဖွံ့ဖြိုးရေး သင်တန်းကို သွားရောက်ပြီး၊ ပါတီဝင် လူငယ်တွေနဲ့ ပါတီတွင်း ကိစ္စတွေကို ဆွေးနွေးခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီကနေ့ ကော့မှူးခရီးစဉ်ဟာ လွှတ်တော်
ကိုယ်စားလှယ် တာဝန်ယူပြီးနောက် တတိယ အကြိမ်မြောက် သွားရောက်တဲ့ ခရီးစဉ် ဖြစ်ပါတယ်။

No comments:

Post a Comment