Sunday 16 September 2012

ဆုတွေနဲ့ ဒို့ အမေ... ဒေါ်အောင်ဆန်းစုကြည်



အမေစုရဲ့ အမေရိက ခရီးက
မြန်မာ့သမိုင်းကို မှတ်တမ်းဆင်မြန်းမယ့်
အမိမြေက အဆင့်မြင့်ခေါင်းဆောင်တစ်ဦးပေါ့ ။

သူတို့ ဟာ အမေရိကမှာ မြေပေါ်မှာမြန်မာဟေ့ လို့ ဇာတိမာန်ကို
သိအောင် ငြိမ်းချမ်းရေးဆုတွေယူမယ့်သူလည်းဖြစ်တယ်။
တိုင်းပြည်ရဲ့ ဂုဏ်ကိုဆောင်မယ့် ဒီဇမ္ဗူ က ရွှေကြာပန်းလို အမြတ်ဆုံးသူပေါ့။

ဆူးခင်းတဲ့လမ်းတွေကိုရာစုနှစ်များစွာ နင်းဖြတ်ခဲ့ကြပေမယ့်
စိတ်သစ်လူသစ် ခြေလှမ်းသစ် အားမာန်တွေကလည်း ဆုတွေယူဖို့ တ၀င့်ဝင့်နဲ့ပေါ့။

အမေ့မျက်နှာ ဘ၀င် နှလုံး ရွှင်ပြုံးနေပြီး
ရွှေကြာယံ ပုရပိုဒ်ထဲက ထွက်လာ သလို...
အမေစုကအများပြည်သူမျက်နှာပန်းလှဖို့ 
ခေါင်းမော့ကာရင်ကြော့ပီး



အမေရိကမှာမည်သူတစ်ဦးတယောက်မှမရဘူးသေးတဲ့
အမြင့်ဆုံးလူသားဆုယူပြီး
အောင်ပွဲဆင်မြန်းတော့မယ်
ငြိမ်းချမ်းရေးမာတာမိခင်ကြီးတဦးပေါ့။

အမေစုရဲ့ဆုများကပြည်သူတွေရဲ့ 
မေတ္တာဓါတ်နဲ့ ကမ္ဘာပတ်ပြီး
အမေရိကမှာ
ဆီးကြိုသူတွေအထပ်ထပ်နဲ့ 
တပတ်ရောက်ခဲ့ရပြန်ပြီပေါ့။

အမေစုဟာ အောင်ပွဲပျော် ကျောင်းသားရဲ့ 
နေရာအနှံ့  ခြေရာစုံရောက်ခဲ့တဲ့
ပြည်သူ့ အသဲပန်း အမြဲလန်းနေတဲ့
ပြည်သူ တွေလူဖြစ်ကျိုးနပ်အောင် လမ်းပြးဆပ်နေတဲ့ အမေတစ်ဦးပါ။

အမေ့ရဲ့  အမေရိက မိန့် ခွန်းလက်ဆောင်အဖြစ်
ဖြူစင်ရိုးသားရဲရင့်တဲ့ နှလုံးသားလှတွေနဲ့
ကမ္ဘာကလေးစားလောက်တဲ့ အတွေးအခေါ် မိန့် ခွန်းသစ်တွေ မြင်ရတော့မှာပါ။

အမေရိကခေါင်းဆောင်တွေနဲ့ အတူ
ကမ္ဘာအရေးကိစ္စတွေ အကြံဥာဏ်ပေးဖို့ 
ပြည်သူတွနဲ့ တွေ့ ဆုံဖို့ 
အမေ့သားကြီးနှင့်ရင်ထဲကသံယောစဉ်
ရောင်စုံတွေ တေးဆိုဖို့ 
အမေရိကမြန်မာများရဲ့  မျှော်လင့်ချက်တွေကို ဖေါ်ဆောင်ဖို့
အမေအ ရောက်လာခဲ့ပါပြီ

အေးအေးမြမြ
ပြည့်ပြည့်၀၀
နှလုံးသားလှတဲ့

အမေ့ မျက်နှာကလည်း ငွေလမင်းကြီးပမာ ...
သင်လည်းဘဲ
ယုံကြည်မျှော်လင့်တယ်ဆိုရင်
အမေ ကိုဂုဏ်တင့်တယ်အေးချမ်းစေလိုတယ်ဆိုရင်......
လက်ခုပ်မြိုင်မြိုင်တီးပြီးပွဲစည်အောင်ကြိုဆိုလိုက်ကြစို့
တွဲထားတဲ့လက်များ ညီကြရအောင်...

အမေဒေါ်အောင်ဆန်းစုကြည် အား ချီးမြင့်သော အမေရိကရဲ့  မြန်မာ တမျိုးသားလုံး ဂုဏ်ကိုယ်စားပြု ဆုလက်ခံရဖို့  တိုင်းသိပြည်သိ ကမ္ဘာသိမွန်မြတ်လှသော ငြိမ်းချမ်းရး ဆုတံဆိပ်များ၊ရယူကာတန်းဘိုးကြီးတဲ့ ရှေ့ ဆောင်လမ်းပြကြယ်ဖြစ်ကြောင့် မိမိတို့ ၏အနာဂါတ်ကို ယုံကြည်မူများဖြင့် လှပစွာတည်ဆောက်ကြရင်း တတ်နိုင်ရာအဖွဲ့ အစည်းများမှဦးဆောင်ပြီး အမေရိက ပြည်အ၀င်လှပရအောင် သောင်းသောင်းဖျဖျကြို ဆိုစေ့ချင်လို့  အမျိုးသားရေးစိတ်ဓါတ်ဖြင့် တင်ပြလိုက်ပါတယ်။ ။

မိဘပြည်သူများကိုချစ်ခင်လေးစားစွာဖြင့် ဒီအတိုင်းဘဲ ရေးချလိုက်ပါတယ်။


ကိုထွန်းဝေ။

ဂျပန်..။ 16.9.2012

No comments:

Post a Comment