Thursday 18 October 2012

အမေထဲက အမွန်မြတ်ဆုံး အမေ ဒေါ်လှကြည်

အမေထဲက အမွန်မြတ်ဆုံး အမေ ဒေါ်လှကြည်
*********************

ဒီသားအမိ ကျနော်ချစ်၏

အမှန်တရားအတွက် သူ့ လိုလူ

ဒီဇမ္ဗူမှာ မရှိ..အတွေ့ ရခက်ဘိ

သူရဲကောင်းကို မွေးပေးတဲ့အမေ

ကျနော်ဦးညွှတ်ဂုဏ်ပြုနေမယ်..

*အာဏာရှင်အဆက်ဆက်မှာတာဝန်ကျေတဲ့ ဒီအမေ

* ပြည်သူဘက်ကအမှန်တရားအတွက်မားမားရပ်တည်ပေးတဲ့အမေ

*ကျနော်တို့ စား၊၀တ်၊နေရေးအတွက် ..
ထမီတို ၀တ်၊ ချွေး စိုစွတ်ခဲ့တဲ့ အမေ

*စနစ်ဆိုးဒဏ်ခံလျက် ၊ ဒီမင်းဆိုးကို မေတ္တာနဲ့ အနိုင်ယူခဲ့တဲ့ အမေ

*ဆံပင်တွေ ဖြူမွဲ နေလဲ၊ အမေ့ရင်ထဲမှာ အကြင်နာတွေ ထူထဲနေဆဲ အမေ

*ချစ်တာတွေဗလပွနဲ့  သားဆိုးတွေကို ချစ်တဲ့ ဒီအမေ

*မျက်စိကောင်းနေပေမဲ့ သတ္တိတွေမကုန်သေးတဲ့အမေ

*ဘေးပြောတာတွေမယုံဘူး သွေးစည်းအောင် ဟောအုံးမယ့်တဲ့ ဒီအမေ

*သားဆိုးတွေ ထင်ရာစိုင်းပြီး သားသမီးတွေအတွက်
ခွင့်ပြုနေမယ့် အမေ

*အမေ့ မေတ္တာရည်တွေက အမေ့ရဲ့နှလုံးသားထဲကပါ။

*အမေ့နို့ရည်နဲ့  သွေးရည် က ကျနော်တို့ကိုရှင်သန် ကြီးထွားစေခဲ့တယ်။

*အမေ့ချွေးရည်က သားတို့ကို တိုးပွားစေခဲ့တယ်။

*အမေ့ရုပ်ရည်ကသားတို့ကို လိမ္မာစေခဲ့တယ်။

*အမေ့အသံတွေက သားတို့အတွက် သန်မာစေခဲ့တယ်။

*အမေ့ဟန်တွေက သားဆိုးတို့အတွက် စိတ်ဓါတ်ခိုင်မာစေခဲ့တယ်။
အခုချိန်မှာ စုပေါင်းညာညီ လက်အုပ်ချီ၍
ဦးခိုက် ဂါဝရ ပြုလိုက်ပါသည်။ အမေ့သားကြီးမွေးနေ့ မှာ
ကမ္ဘာ အဆုံးတိုင်၊ အမေပြုံးနိုင်ပါစေ ။ ။
ကိုမင်းကိုနိုင်၏နှစ်(၅၀)
ပြည့်ရွှေရတုမွေးနေ့ပွဲကိုယခုလိုလာရောက်ပြီးတက်ရောက်နိုင်ခဲ့တဲ့မိခင်ကြီးဒေါ်လှကြည်ကဲ့သို့မိခင်များအားကျနော်ဒီစာလေးရေးပြီး မိမိစိတ်ထဲရှိရာ ဂုဏ်ပြုဦးညွတ်လိုက်ပါတယ်။
ကိုထွန်းဝေ။

မိဘပြည်သူများ အစဉ်လေးစားချစ်ခင်လျက်..။
လိုချင်သူများခွင့်မတောင်းဘဲ ယူလို့ ရပါတယ်။

No comments:

Post a Comment