Tuesday 9 October 2012

RFA Facebook ဘာကြောင့် ပိတ်သွားရတာလဲ

RFA Facebook ဘာကြောင့် ပိတ်သွားရတာလဲ
******************************

ကျွန်တော် RFA Facebook ရဲ့ ပရိတ်သတ်တစ်ဦးပါ ။ လွန်ခဲ့တဲ့ ၃- ၄ ရက်လောက်ကတည်းက ၀င်ကြည့်လို့မရတော့တာပါ။ ပရိတ်သတ် နှစ်သောင်းနီးပါးရှိတဲ့ RFA Facebook ကို အခုတော့ ပိတ်လိုက်ပြီတဲ့ဗျာ ။ အကြောင်းက ပြီးခဲ့တဲ့လတွေကတည်းက ပွထနေတဲ့ RFAဌာနတွင်း

ကာမဖေါက်ပြန်သောင်းကျန်းမှု အရှုပ်တော်ပုံနဲ့ RFA ဌာနမှူးဒေါ်ငြိမ်းရွှေရဲ့ ဂျာနယ်လစ်ဇင်းကို ၀ိုင်းပြီးဝေဖန်ကြလို့ မခံနိုင်တဲ့အဆုံး RFA Facebook စာမျက်နှာပါ ရပ်လိုက်တာလို့ကြားရပါတယ်။ အချ
ို့သော ဖဘ စာမျက်နှာတွေ FNGလို သတင်းစာမျက်နှာတွေမှာပါ ဒီအကြောင်းတွေရေးနေတာလဲ ဖတ်လိုက်ရပါတယ်။ ဒီလောက် လူပြောသူပြောများနေမှတော့ RFA မှာ ဘာတွေဖြစ်နေပြီလဲလို့ စိတ်ဝင်စားမိတာအမှန်ပါ။ RFA ဆိုတာက ကျွန်တော်တို့လူထုက အားထားရတဲ့ သတင်းဌာနထဲက တစ်ခုပါ။ သတင်းအမှောင်ချခံထားရတဲ့ ခေတ်ကတည်းက အဖိနှိပ်ခံပြည်သူတွေရဲ့အသံကို ကြိုးစားလွှင့်ပေးခဲ့လို့ RFAကို ကျေးဇူးတင်မိပါတယ်။ အခုတောာ့ RFA ဌာနတွင်းမှာ မကြားဝံ့ မနာသာ မကြားချင်စရာ ဖေါက်ပြန်မှုတွေဖြစ်နေတာ ကြားရ နားထောင်ရတော့ စိတ်ထဲ မသတီဖြစ်မိတာလည်းအမှန်ပါ။ RFA ဘာလဲ ဘယ်လဲဆိုတဲ့ မေးခွန်းတွေလည်း တသီတတန်းကြီး အတွေးထဲဝင်လာပါတယ်။

ဇတ်လမ်းကတော့ ရှင်းပါတယ်။ RFAအယ်ဒီတာ ဦးခင်မောင်စိုးက အသံလွှင့်သတင်းထောက် မခင်ခင်အိတို့ မသင်းသီရိတို့နဲ့ သုံးပင်လိမ် ရှုပ်ကြတဲ့ဇာတ်ပါ။ ဒါပေမယ့် ဦးခင်မောင်စိုးကတော့ သုံးပင်တောင် မကဘူးထင်ပါရဲ့။ မခင်ခင်အိရဲ့ စကားပြောသံတွေ တင်ထားတဲ့ အင်တာနက်စာမျက်နှာတွေမှာဆိုရင် ဒေါ်မြင့်မြင့်သန်းဆိုတဲ့ အမျိုးသမီးကိုလဲ ဦးခင်မောင်စိုးကကြံစည်ဖူးတယ်လို့ ရေးထားပါတယ်။ ဒီလိုလုပ်ရပ်တွေဟာ သတင်းဌာနတခုမှာ အယ်ဒီတာလိုနေရာမျိုး လုပ်နေတဲ့ လူကြီးတစ်ယောက်အတွက် ဘယ်လိုမှမဖြစ်သင့်တဲ့ လုပ်ရပ်ဆိုပေမယ့် လက်တွေ့မှာ အခုလိုဖြစ်နေတာကြားရတော့ အဲဒီလောက်တောင်ပဲလားလို့ အံ့သြတုန်လှုပ်မိတာအမှန်ပါ။ SoundCloud မှာ Khin Maung Soeလို့ ရိုက်ထည့်လိုက်ရင် သူတို့နဲ့ပတ်သက်ပြီး မခင်ခင်အိပြောနေတဲ့ အသံတွေ ကြားရပါတယ်။ RFA ရုပ်မြင်သံကြားထဲမှာတော့ မခင်ခင်အိဆိုတဲ့ အမျိုးသမီးကို မကြာခဏတွေ့ရတတ်ပါတယ်။ အိမ်ထောင်ရှင်အမျိုးသမီးတစ်ယောက် ရုပ်ရည်သနားကမားနဲ့ ဒီလိုဇာတ်ခင်းနေမယ်လို့ မထင်ရက်ပါဘူးဗျာ။ သတင်းအလုပ်ကို ဘာလို့အာရုံစိုက် မလုပ်ကြပဲ အခုလို လင်လုမယားလု အလုပ်တွေ လုပ်ဖို့အချိန်ရနေကြတာလည်းဆိုပြီး အံ့သြနေမိပါတယ်။ ဒါကြောင့်လည်း RFAရဲ့ ကွာလတီ ကျလာတာ သတိထားမိပါတယ်။ တခါလာလည်း ပေါချောင်ကောင်း အင်တာဗျူးတွေမေးပြီး လွှင့်နေတာ၊ အစိုးရအသံ ရရင်ပြီးရောဆိုပြီး အစိုးရကပြောချင်ရာပြောပါစေ ဘာမှဆန်းစစ်ဝေဖန်တဲ့ မေးခွန်းမျိုးတောင် မမေးတော့ပဲ ဒီအတိုင်းလွှင့်နေတာတွေက RFAလမ်းကြောင်းပြောင်းနေပြီဆိုတာကို ပြနေတာပါ။ RFAကို အစိုးရက အိတ်ထောင်ထဲထည့်ထားလိုက်ပြီလို့ မိတ်ဆွေတချို့ဝေဖန်ခဲ့တာကို အရင်က လက်မခံနိုင်ခဲ့ပေမယ့် အခုတော့ လက်ခံရတော့မလို ဖြစ်နေပါပြီ။

ကျွန်တော်တို့ RFAကို စနားထောင်ကတည်းက RFAဆိုတာ သူပုန်သတင်းဌာန အစိုးရကိုဝေဖန်စရာရှိရင် ဝေဖန်လွန်းတဲ့သတင်းဌာနပဲလို့ နားလည်ခဲ့ပါတယ်။ အခုတော့RFAဟာ အဲဒီရပ်တည်ချက်တွေကနေ သွေဖီသွားပြီလား ဆိုတာ မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။ ဦးခင်မောင်စိုးဆိုရင် ၀န်ကြီးဦးစိုးသိန်းနဲ့မေးမြန်းခန်းမှာ ၀န်ကြီးတို့ ဒေါ်အောင်ဆန်းစုကြည်နဲ့လက်တွဲလုပ်ရတာ ဘယ်လိုသဘောရလဲလို့သာ မေးခဲ့တာပါ။ ၀န်ကြီးတို့စစ်အစိုးရ လက်ထက်က ကျူးလွန်ခဲ့တဲ့ လူ့အခွင့်အရေးချိုးဖေါက်မှုတွေအတွက် ဘယ်လိုတာဝန်ယူဖြေရှင်းပေးဖို့ရှိသလဲလို့ သတင်းသမားတဦးအတွက် တာဝန်ရှိတဲ့မေးခွန်းမျိုး ဘာလို့ထည့်မမေးတာလဲဆိုတာ တွေးနေမိပါတယ်။ လိင်သောင်ကျန်းဖို့ပဲ အကြံထုတ်နေရလို့များ ဒီလိုမေးခွန်းကောင်းတွေ ထွက်မလာတော့တာလားဆိုတာလဲ တဆက်ထဲတွေးမိပါတယ်။

RFA နဲ့ပတ်သက်ပြီး စိတ်မကောင်းစရာလဲ ကြားရပါတယ်။ ဦးခင်မောင်စိုး မခင်ခင်အိ မသင်းသီရိတို့ရဲ့ ကာမအရှုပ်ကို တိုင်တန်းမိတဲ့အခြားဝန်ထမ်းတွေ အလုပ်ဖြုတ်ခံရမယ်ဆိုတာ ကျွန်တော်တော့ဖြင့် နားမလည်နိုင်ပါ။ ရုံးတစ်ခု ဌာနတစ်ခု သန့်စင်ရေးလုပ်တဲ့အခါ အဲဒီဌာနကို နာမည်ထိခိုက်စေတဲ့ အရှက်ရသိက္ခာကျစေတဲ့သူတွေကိုသာ ရှင်းထုတ်လေ့ရှိတယ်လို့ပဲ နားလည်ပါတယ်။ အခုကိစ္စမှာက ကျန်တဲ့ဝန်ထမ်းတွေထုတ်ပစ်မယ်ဆိုရင် သူတို့ကို ဘာအတွက် ထုတ်မှာလဲဆိုတဲ့မေးခွန်းက ၀င်လာပါတယ်။ ဘယ်လိုမှ နားမလည်နိုင်စရာပါ။ အကယ်၍ သူတို့မှာ ဘာအပြစ်မှမရှိပဲထုတ်တယ်ဆိုရင်တော့ RFAရဲ့ လုပ်ရပ်တွေဟာ အတော်ကို မနှစ်မြို့စရာပဲလို့ သတ်မှတ်ရမှာပါ။

Aung Pan ဖဘ မှာဆိုရင် ဦးခင်မောင်စိုး လိင်သောင်းကျန်းနေတာကို ဌာနမှူးဒေါ်ငြိမ်းရွှေက အကာကွယ်တွေ ပေးထားတယ်လို့တောင် ရေးထားတာဖတ်လိုက်ရပါတယ်။ ဌာနမှူးတယောက်လုပ်နေပါလျှက်နဲ့ အဲဒီလိုလုပ်ပါ့မလားလို့ သံသယ၀င်မိတာလဲ အမှန်ပါ။ လိင်သောင်းကျန်းသူတစ်ဦးကို ဒီလိုတကယ်သာ အကာအကွယ်ပေးနေတယ်ဆိုရင်တော့ အဲဒီဌာနမှူးဆိုတာဟာလဲ သိမ်ဖျင်းတဲ့အတွေးအခေါ်တွေနဲ့ ဌာနကိုအုပ်ချုပ်နေသူလို့သာ ပြောရမှာပါ။ RFA Facebookကို ကြည့်လို့ရတုန်းက ဒေါ်အောင်ဆန်းစုကြည်နဲ့ အဲဒီဌာနမှူး အင်တာဗျူးလုပ်တာကို ကြည့်လိုက်ရပါတယ်။ အတော်အခြေနေဆိုးပါလားလို့ အတွေးဝင်မိပါတယ်။ လွှတ်တော်တွင်း အခြေအနေ အဖြစ်အပျက်တွေကို နားမလည်ဘူးဆိုတာ ပေါ်လွင်နေပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တရားဥပဒေစိုးမိုးရေးကော်မတီနဲ့ လယ်သမားအခွင့်အရေးကော်မတီ ကွဲကွဲပြားပြား မသိပဲ မေးနေတာဟာလဲ သတင်းဌာနကြီးတခုရဲ့ ဌာနမှူးအနေနဲ့ မဖြစ်သင့်တဲ့ကိစ္စလို့ပဲ မြင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က RFAဌာနမှူးရဲ့မေးခွန်းတွေကို စိတ်မရှည်တဲ့သဘော စကားဖြတ်ပြီး ပြန်ဖြေနေတာကိုလည်း သတိထားမိပါတယ်။ ဒီလိုကမ္ဘာကျော်ပုဂ္ဂိုလ်တွေကို မေးမယ်ဆိုရင် ကြိုတင်ပြင်ဆင်ထားသင့်တယ်လို့ ယူဆပါတယ်။ ဘာဖြစ်လို့ ပစ်စလက်ခတ်လုပ်တာပါလဲ။ ဒါဟာ RFAရဲ့ စတိုင်များလားလို့တောင် တွေးမိပါတယ်။ ဒါ့ကြောင့်လည်း ဖဘ ပရိတ်သတ်က ဝေဖန်ကြတာပါ။ သတင်းဌာနတွေက ကျန်တဲ့သူတွေကျတော့ ဝေဖန်နေပြီး ကိုယ့်ကိုဝေဖန်တာကိုကြောက်လို့ အခုလို Facebookကို ပိတ်ပစ်လိုက်တာကတော့ သမိုင်းမှာ အရမ်းကိုအရုပ်ဆိုး အကျဉ်းတန်တယ်လို့ပဲ ပြောလိုက်ပြစေ။ တကယ်တော့ RFAဆိုတာ အများနဲ့ဆိုင်တဲ့ သတင်းဌာနတခုပါ။ RFA ထဲမှာ အခုလိုဖြစ်နေတာတွေအတွက် ကျွန်တော်တို့အားလုံးမှာလည်း တာဝန်ရှိပါတယ်။ ၀ါရှင်တန်ကလူတွေ လုပ်ချင်ရာလုပ်ပြီး ဖြစ်ချင်ရာဖြစ်နေတာမျိုးကိုတော့ ဒီအတိုင်း လွှတ်မထားဖို့ စေတနာနဲ့ဝိုင်းပြီးဝေဖန်ကြဖို့ အသိပေးလိုက်ရပါတယ်။ လူမှန်နေရာမှန် ရှိနိုင်ပါစေလို့ ဆန္ဒပြုပါတယ်။

ကိုထွန်းဝေ
9.10.2012

No comments:

Post a Comment