Thursday 29 November 2012

တောက်ခေါက်သံ တညံညံ

ဗမာတွေရဲ့ အထွတ်အမြတ်ထားတဲ့ ည

လပြည့်လညလို့  ဆိုရမလား

ဒီငနာကြောင့် သွေးဆူခဲ့

   လောက်ထွက်တဲ့ ဒီငနဲ

ပြည်သူနားကို ငရဲမီးနဲ့ ရှို့ 

တောခွေးတကောင်လို

အရိုင်းစိုင်း စစ်ဖိနပ်ကို လျှာနဲ့ ယက်

ပြည်သူကိုသတ်

အသားထဲက လောက်ကောင်

ဇာတ်တူသားစားတဲ့ ခွေမျိုး

သွေးဆူတဲ့ ဒီတညအဖို့ 

အာရုံဦးမနက်ခင်းမှာ

ဦးနှောက်ပျက်တဲ့ တိရစ္ဆာန်လို

မင်းအဖေတွေကို ကွန်ယက်ချပြဖို့ 

ပြည်သူတွေအတွက်

ကမ္ဘာမကြေဘူး ဟေ့။ ။


ကိုထွန်းဝေ

29.11.2012

ပြည်ထဲရေးဝန်ကြီးဌာန နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်တို့၏ အမိန့်အရဟု ကြေငြာခဲ့ပြီး ပစ်မိန့်ပေးလိုက်တဲ့ ဆားလင်းကြီးမြို့နယ်အုပ်ချုပ်ရေးမှူး- ဇော်မိုးအောင် ဆိုသူနှင့် ဆားလင်းကြီးမြို့နယ်ရဲတပ်ဖွဲ့မှူးတို့၏ပုံ။

No comments:

Post a Comment